Scroll To Top
News Trending

Popular Posts

Translate

Search This Blog

အင်တာနက်စာမျက်နှာများ(လေ့လာရန်)

Recent Posts

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ

Wednesday, 10 June 2015 / No Comments

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ

ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။

သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။

မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။

ရင်သား တွဲကျစေသော အကြောင်းအရာများ

၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း

ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။

၂။ ကမ္ဘာမြေကြီး ဆွဲငင်အား

ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမ္ဘာမြေကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲတာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာ အရေး ကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

၃။ မီးယပ်သွေးဆုံးခြင်း

အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သားကို လျော့တွဲလာ စေပါ တယ်။

၎။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း

အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။

ဘယ်လို ကာကွယ်ရမလဲ -

၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း

ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီး ခေါင်းကတော့ အောက်ဆိုက်နေ နိုင်ပါတယ်။

၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ

ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။

၃။ သဘာဝကရတဲ့ ဆေး

ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။

၎။ နှိပ်နှယ်ပေးခြင်း

သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

Credit :  (မြ၀တီ)

နိုင်ငံတော်သီချင်း

Tuesday, 9 June 2015 / No Comments

နိုင်ငံတော်သီချင်းကိုဘယ်သူရေးစပ်ခဲ့သလဲ...?

" ကမ္ဘာမကြေ" သီချင်းသည်ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့သောတိုင်းသိ၊ပြည်သိ၊ကမ္ဘာကသိသောသီးချင်းဖြစ်ပါသည်

သို့ရာတွင်သီချင်းရေးစပ်ခဲ့သူ၊မွေးဖွားပေးခဲ့သူ၊မူလပိုင်ရှင်အစစ်အမှန်ကိုတော့သိသူမရှိသလောက်ဟုဆိုရမှာဖြစ်ပါတယ်။ကမ္ဘာမကြေသီချင်းကိုရေးခဲ့သူမှာစန္ဒရားဦးစိန်မြမောင်ဖြစ်ပါသည်။ယခုသူကွယ်လွန်ခဲ့သည်မှာ၂နှစ်နီးပါးရှိခဲ့ပါပြီ။ဦးစိန်မြမောင်သည်မြန့်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်ကာလပေါ်နှင်ခေတ်ဟောင်းတေးစိစစ်ရေးဘုတ်အဖွဲ့ဝင်ဖြစ်ပါသည်။သူသည်ကဏ္ဍစုံ၊ထောင့်စုံမှရသစုံပေါ်လွင်သောတေးသီချင်းပုဒ်ရေတစ်ထောင်ကျော်ရေးသားသီကုံးခဲ့သူ၊မော်ကွန်းဝင်( ပထမအဆင့်)၊နှင့်ဝဇ္ဇာထူးချွန်ဆု(ဒုတိယအဆင့်)တို့ကိုရရှိခဲ့သူဖြစ်ပါသည်။မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်၁၉၄၈ဇန်နဝါရီ၎ရက်နေ့မှာနိုင်ငံတော်အလံကိုလွှင့်တင်ရမှာဖြစ်သည့်အတွက်ထိုနေ့နိုင်ငံတော်အလံတင်ပွဲအခမ်းအနားတွင်သီဆိုဖို့သီချင်းတစ်ပုဒ်လိုအပ်လာပါသည်။သည်အတွက်ထိုစဉ်ကနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကထိုနေ့အခမ်းအနားတွင်သီဆိုဖို့သီချင်းတစ်ပုဒ်ရေးရန်ဆရာရွှေတိုင်ညွှန့်အားခေါ်လာပေးရန်ဦးစိန်မြမောင်ကိုပြောပါသည်။ဦးစိန်မြမောင်ကဆရာရွှေတိုင်ညွှန့်ကွယ်လွန်သွားပြီဖြစ်သည့်အတွက်မရှိတော့ကြောင်းအကြောင်းပြန်ခဲ့ရာဦးနုကတခြားတေးရေးဆရာများနှင့်တိုင်ပင်ရေးပေးရန်ဦးစိန်မြမောင်ကိုထပ်မံတာဝန်ပေးလိုကပြန်ပ်ါသည်။ဦးစိန်မြမောင်သည်ဆရာစိန်ဝေလျှံ၊ဒဂုန်ဆရာတင်၊စောင်းဦးဘသန်း၊ဂီတာဦးစိန်အောင်၊နှင့်ဆရာရန်နိုင်စိန်တို့ကိုလိုက်လံခေါ်ဆောင်ခဲ့ပါသည်။သူတို့အားလုံးစုစည်းရောက်ရှိလာပြီးသီချင်းရေးစပ်ဖို့တိုင်ပင်ရာဆရာဦးစိန်ဝေလျှံနှင့်စောင်ဦးဘသန်းတို့တစ်ယောက်နှင့်တစ်ယောက်စကားများရန်ဖြစ်ရာမှသီးချင်းရေးဖို့အစီအစဉ်ပျက်ပြားခဲ့ရပါသည်။နောက်ထပ်သီချင်းရေးစပ်ဖို့မည်သူ့ကိုမှစည်းရုံးမရတော့ဘဲဖြစ်ခဲ့ရပါသည်။အကြောင်းစုံကိုဦးစိန်မြမောင်ကဦးနုထံတင်ပြခဲ့ရာဦးနုကဦးစိန်မြမောင်တစ်ယောက်ထဲရေးနိုင်ပါကရေးပေးစေလိုကြောင်းပြောကြားတာဝန်ပေးလိုက်ပါတော့သည်။ဦးစိန်မြမောင်သည်ဦးနုအိမ်တွင်တစ်ယောက်တည်းရေးသားစပ်ဆိုခဲ့ရပါတော့သည်။သီးချင်းအစအဆုံတစ်ပုဒ်လုံးကိုဆရာဇော်ဂျီဦးဆောင်သောအကဲဖြတ်အဖွဲ့ကသီချင်းစာသားများ၊တစ်လုံးချင်းအသေးစိပ်စိစစ်ပြီးသီချင်းကိုအတည်ပြုခဲ့ကြပါသည်။အကဲဖြတ်အဖွဲ့ကအတည်ပြုပြီးနောက်ဝန်ကြီးအဖွဲ့နှင့်လွှတ်တော်အဖွဲ့နှစ်ရပ်လုံးကပါထပ်ဆင့်အတည်ပြုခဲ့ကြပါသည်။ထိုသို့အဆင့်ဆင့်အတည်ပြုပြီးသော" ကမ္ဘာမကြေ" သီချင်းကိုမြန့်မာ့အသံမှဒါရိုက်တာဦးခင်ဇော်ကမြန်မာနိုင်ငံသို့ခေတ်တရောက်နေသောအမေရိကန်တီးဝိုင်တစ်ခု၏အကူအညီဖြင့်အသံသွင်းခဲ့ပါသည်။သီချင်းသီဆိုသူကအဆိုတော်ရွှေညာမောင်ဖြစ်ပါသည်။ထိုသို့ဖြင့် " ကမ္ဘာမကြေ" သီချင်းသည်မြန့်မာ့လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားတွင်ယူနီဂျက်အလံဖြုတ်ချပြီးမြန်မာနိုင်ငံတော်အလံလွင့်ထူ၇မည့်အချိန်တွင်သီဆိုရမည့်နိုင်ငံတော်သီချင်းဖြစ်လာပါတော့သည်။လွတ်လပ်ရေးနေ့ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပေးအပ်ရာတွင်ဦးစိန်မြမောင်သည် " ကမ္ဘာမကြေ" သီချင်းဖြင့်ဝဏကျော်ထင်ဘွဲ့ကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပါသည်။ဦးစိန်မြမောင်ကသူမကွယ်လွန်မီ " ကမ္ဘာမကြေ" သီချင်းကိုသူရေးစပ်ခဲ့ကြောင်းခိုင်မာသောအထောက်အထားတို့ဖြင့်တင်ပြနိုင်ခဲ့သဖြင့်ယနေ့နိုင်ငံတော်ကသူ့အားဝိဇ္ဇာထူးချွန်ဆု(ဒုတိယအဆင့်)အားချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်

/ No Comments

ကျွန်တော့်ကို သင်တန်းမှာရော၊ အွန်လိုင်းမှာပါလူငယ်တွေက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးလုပ်ချင်ပါတယ်။ဘာလုပ်ရင် ကောင်းမလဲ၊ ဘယ်လိုလုပ်ရမလဲ စသဖြင့် မေးခွန်းတွေမေးကြပါ တယ်။ အလျဉ်းသင့်သလို ဖတ်ခဲ့ဖူးတဲ့စာတွေနဲ့ ကိုယ့်ရဲ့အတွေ့ အကြုံတွေကိုအခြေခံပြီးပြောပြဖြစ်ပါတယ်။ ဒီနေရာမှာကြိုတင် ၀န်ခံချင်တာက ကျွန်တော်က စီးပွားရေးပညာရှင်တစ်ယောက် မဟုတ်ပါ။ ၂၀၀၂ ခုနှစ်မှာ ရန်ကုန်ကိုစရောက်ပြီးတော့ အရင်း အနှီးဘာမှမရှိတဲ့အခြေအနေကနေ ၂၀၁၃ ခုနှစ်မှာ AELCကို တည်ထောင်ပြီး လက်ရှိလုပ်ငန်းလည်ပတ်နေစဉ်ကာလတွေမှာဖြတ် သန်းခဲ့ရတဲ့အတွေ့အကြုံတွေကိုအခြေခံပြီး ဖတ်ဖူး၊ မှတ်ဖူးတဲ့ စီးပွားရေးဆိုင်ရာစာပေဗဟုသုတတွေကိုအခြေခံပြီးတော့ ကိုယ် ပိုင်စီးပွားရေးလုပ်ငန်းစတင်ချင်တဲ့လူငယ်တွေအတွက် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုစတင်ကြမလဲ၊ ဘာတွေလုပ် သင့်လဲဆိုတာတွေကိုမျဝေပေးတာဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတစ်ခုမလုပ်ခင် ကြိုတင်စဉ်းစားဖို့လို ပါတယ်။ ဘာတွေစဉ်းစားဖို့လိုအပ်သလဲ။ အနည်းဆုံးတော့ အချက်လေးချက်ကိုမဖြစ်မနေစဉ်းစားဖို့လိုပါတယ်။ အဲဒါတွေက-
၁။ Types of Business
၂။ Market Area
၃။ Investments Types
၎။ Break Even Point
နံပါတ် ၁ အချက်ဖြစ်တဲ့ Types of Businessစီးပွားရေး လုပ်ငန်းအမျိုးအစားကိုစတင်စဉ်းစားဖို့လိုပါလိမ့်မယ်။ကုန်ထုတ် လုပ်မှု (Production)၊ ၀န်ဆောင်မှု (Service)၊ ရောင်းဝယ်ရေး (Trading)စသဖြင့် ကိုယ်လုပ်ချင်တဲ့စီးပွားရေးလုပ်ငန်းအမျိုး အစားကိုစတင်စဉ်းစားပါ။ အဲဒီလိုစဉ်းစားတဲ့အခါ ကိုယ်ဝါသနာပါ တဲ့၊ ကိုယ်လုပ်ချင်တဲ့လုပ်ငန်းအမျိုးအစားကိုသာရွေးချယ်ပါ။ ပတ် ၀န်းကျင်မှာ လွှမ်းမိုးမှုများနေတဲ့လုပ်ငန်းတိုင်းကို မျက်စိမကျပါနဲ့။ဆိုလိုတာက သူများတွေဖုန်းဆိုင်ဖွင့်လို့လိုက်ဖွင့်တာမျိုး၊ Car Showroomဖွင့်လို့လိုက်ဖွင့်တာမျိုးမလုပ်ဖို့ပြောချင်တာပါ။ ခေတ် ကာလအနေအထားအရ စားသုံးသူရဲ့လိုအပ်ချက် (Customer Need)ကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပေမဲ့ ကိုယ်မလုပ်ချင်တဲ့ လုပ်ငန်းခွင်ဆိုCreative Thinkingတွေ၊ Creative Ideaတွေ အားနည်းတတ်တဲ့အတွက် ကိုယ့်ရဲ့စားသုံးသူကိုကျေနပ်အောင်လုပ် ဆောင်တဲ့နေရာမှာအားနည်းတတ်ပါတယ်။ တစ်နည်းပြောရရင်Customer Satisfactionကိုလုပ်ဆောင်ပေးနိုင်စွမ်း အားနည်း တတ်ပါတယ်။နံပါတ် ၂ ကတော့Market Areaကိုထည့်သွင်းစဉ်းစား ရပါမယ်။ ကိုယ့်ရဲ့လုပ်ငန်းကိုRegional ၊ Local ၊Internationalစသဖြင့် ဘယ်အတိုင်းအတာအထိရည်ရွယ်ထားလဲ။ စီးပွားရေး လုပ်ငန်းအမျိုးအစား (Types of Business)နဲ့ ဈေးကွက် (Market Area)ဟာ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဆိုလိုတာက အိမ် ဆိုင်လေးလောက်ဖွင့်မယ့်သူက ကိုယ့်ရဲ့ Market Area က ကိုယ့် ရပ်ကွက်လောက်ပဲဖြစ်မှာပါ။ ရေသန့်စက်ရုံတစ်ခုလုပ်ချင်တယ် ဆိုရင်တော့ ကိုယ့်မြို့နယ်သာမက တစ်နိုင်ငံလုံးအနေအထားအထိ စဉ်းစားလို့ရပါတယ်။ မီဒီယာလုပ်ငန်းဆိုရင်တော့ ကိုယ့်နိုင်ငံသာမက အင်တာနေရှင်နယ်အထိစဉ်းစားလို့ရပါတယ်။ Market Areaကိုစဉ်းစားပြီးရင်တော့ကိုယ့်ရဲ့လုပ်ငန်းက ဈေးကွက်အသစ်လား၊ ဈေးကွက်အဟောင်းလား ဒါကိုစဉ်းစားဖို့လိုပါတယ်။ ဈေးကွက် အသစ်တစ်ခုဆိုရင်လည်း ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ကုန်ပစ္စည်းကို Customer နဲ့ရင်းနှီးကျွမ်းဝင်အောင်လုပ်ပေးရမှာဖြစ်သလို ဈေး ကွက်ဟောင်းဆိုရင်လည်း လက်ရှိဈေးကွက်ထဲမှာ မားကက်ရှယ်ယာ အများဆုံးရထားတဲ့လုပ်ငန်းတွေကိုရာခိုင်နှုန်းဘယ်လောက်အထိ ရထားလဲ၊ ကိုယ်ကဘယ်လောက်ရနိုင်လဲဆိုတာကိုစဉ်းစားတွက် ချက်ဖို့လိုပါတယ်။ အဲဒီလိုမားကက်ကို ကိုယ်က ရှယ်ယာပြန်ယူရ မယ့်အနေအထားဆိုရင်တော့ သူများရဲ့မားကက်ရှယ်ယာကို ကိုယ့် ဘက်ပါအောင်လုပ်မလား၊ ဒါမှမဟုတ် လုံးဝမသုံးဖူးသေးတဲ့ Non Userတွေကိုဆွဲဆောင်မလား။ ဒါတွေကိုထည့်သွင်းစဉ်းစားဖို့လို ပါတယ်။နံပါတ် ၃ ဖြစ်တဲ့ Investment Typesကတော့ ကိုယ့် မှာရှိတဲ့အရင်းအနှီးနဲ့ပဲလုပ်မလား၊ လိုချင်တာကို သူများဆီကချေး ပြီးလုပ်မှာလား၊သူများနဲ့စပ်တူလုပ်မလား ဒါကိုစဉ်းစားဖို့လိုပါ တယ်။ ဒီအချက်ဟာလည်း လုပ်ငန်းအမျိုးအစားနဲ့သက်ဆိုင်ပါ တယ်။ ကိုယ်ရွေးချယ်ထားတဲ့လုပ်ငန်းကကြီးပြီးတော့ ကိုယ့်မှာက အရင်းအနှီးနည်းတယ်ဆိုရင် ဒုတိယနှစ်မျိုးထဲကတစ်မျိုးကိုရွေး ချယ်ရပါမယ်။ အဲဒါဆိုရင်သေချာခိုင်မာတဲ့Business Planတော့ ရှိဖို့လိုပါတယ်။ Possibility Percentage ကို အနီးစပ်ဆုံးတွက်ချက်ထားဖို့လိုပါတယ်။ နောက်တစ်ခုက Riskအတွက် အရံငွေ ချန်ထားဖို့လည်းလိုပါတယ်။ သိန်းတစ်ရာရှိရင်အားလုံးကိုတစ်ပြိုင်တည်းရင်းနှီးမြှုပ်နှံလိုက်လို့မဖြစ်ပါဘူး။ လုပ်ငန်းတစ်ခုက အရှုံး အမြတ်ရရှိနိုင်ပါတယ်။ အဲဒီအတွက် တစ်ခုခုဖြစ်ခဲ့ရင်နောက်က လိုက်နိုင်ဖို့လည်းလိုပါတယ်။နံပါတ် ၄ ဖြစ်တဲ့ Break Even Point ဆိုတာက အရင်း ကျေအမှတ်ပါ။ ကိုယ်က Investment Typesက ကိုယ်ပိုင်ငွေ တစ်ခုတည်းနဲ့လုပ်တာဆိုရင်တော့ အရင်းကျေကာလကို အရမ်း ကြီးထည့်မစဉ်းစားရင်လည်း နောက်နှစ်မျိုးကိုရွေးချယ်ထားသူတွေ အတွက်ကတော့ အရင်းကျေအမှတ်ကို အထူးထည့်သွင်းတွက်ချက် ရပါမယ်။ (ကိုယ်ပိုင်ငွေနဲ့လုပ်သူတွေလည်းတကယ်တော့ အရင်း ကျေအမှတ်ကိုထည့်သွင်းစဉ်းစားရပါမယ်)။ အဲဒီအခါ သူများဆီက ဖြစ်ဖြစ်၊ ဘဏ်ကပဲဖြစ်ဖြစ် ငွေယူပြီးတော့လုပ်တယ်ဆိုရင် သူ့ အတွက်ထပ်တက်လာမယ့်အတိုးနှုန်းတွေက ကိုယ့်ရဲ့ Profit & Lossကိုလာပတ်သက်နေတဲ့အတွက် အဲဒါကိုအမြန်ဆုံးရှင်းနိုင် ဖို့စဉ်းစားရပါမယ်။ One Unitမှာ အမြတ်ဘယ်လောက်ရအောင် လုပ်ပြီး တစ်နှစ်မှာဘယ်လောက်ရရင် ဘယ်နှနှစ်အတွင်းအရင်း ကျေမယ်ဆိုတာကို မဖြစ်မနေထည့်သွင်းတွက်ချက်ရပါမယ်။ (ဘယ်လိုတွက်ရတယ်ဆိုတာကတော့ ပညာရပ်ဆိုင်ရာတွေဖြစ် တဲ့အတွက် အရမ်းရှည်မှာစိုးလို့ ချန်ထားခဲ့ပါတယ်)။အခုပြောပြခဲ့တဲ့စီးပွားရေးလုပ်ငန်းတစ်ခုမစတင်ခင် မဖြစ်မနေစဉ်းစားရမယ့်အခြေခံအချက်တွေဟာ ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းလုပ်ကိုင်ချင်တဲ့လူငယ်တွေအတွက် အတိုင်းအတာ တစ်ခုအထိအကျိုးရှိမယ်လို့မျော်လင့်ပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့နောက်ထပ်အကြောင်းအရာတွေကိုလည်း ဆက်လက် ရေးပါဦးမယ်။''လူငယ်တွေ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျစတင်ပြီးကြီးပွားအောင်မြင်ကြပါစေ''။
credit : :Aung Ko Oo

Facebook မသုံးစွဲလျှင်ရရှိနိုင်မဲ့အကျိုးကျေးဇူး

Monday, 8 June 2015 / No Comments


Social Network တွေဖြစ်တဲ့ Facebookတို့ Twitterတို့ဆိုတာ လူတွေနဲ့ဆက်ဆံရာမှာ၊ မိတ်ဆွေအသစ်တွေရှာဖွေရာမှာ
အသုံးဝင်ကောင်းဝင်ပါလိမ့်မယ်။ ဒါပေမဲ့လူတိုင်းတော့ အဲ့လိုအကျိုးရှိရှိအသုံးချမနေကြပါဘူး။ လူတော်တော်များများအတွက်
Facebook ကို Checkတာဟာ အလုပ်တစ်ခုလိုတောင်ဖြစ်လာနေပါပြီ။ တစ်ချို့သောလူတွေက Likesရဖို့အတွက် Postတွေ
တင်ကြတယ်။ အခြားသူတွေဘာလုပ်နေမလဲ Facebookပေါ်မှာကြည့်မယ်။ ဘယ်နေရာမှာ ဘာဖြစ်နေလဲကြည့်မယ်။ ဂိမ်းဆော့မယ်။
အစရှိသဖြင့် Facebookကိုအသုံးပြုနေကြပါတယ်။ မြန်မာပြည်မှာကလည်း အင်တာနက်ဆိုတာကို Gtalk, Facebook, Viberနဲ့စသိပြီး
သုံးကြတာများပါတယ်။ ဒီတော့ အချိန်တွေဖြုန်းနေလို့ ဖြုန်းမှန်းမသိအောင်ကို Facebookသုံးကြပါတယ်။ သင်ရောအဲ့ဒိအထဲပါနေပြီလား?
ဒါဆိုရင်တော့ သင်ရပ်တန်းကရပ်သင့်ပါပြီ။ သင်Facebookကို ခနခနသုံးမနေဘူးဆိုရင် ဖြစ်လာနိုင်မယ့် အချက်(၁၀)ချက်ကိုဖော်ပြ
ပေးလိုက်ပါတယ်။

#(၁)သင့်ဘ၀ပြန်လည်အသက်ဝင်လာလိမ့်မယ်။

“ပြန်လည်အသက်ဝင်လာမယ်”ဆိုတဲ့ စကားကိုသုံးရတာအကြောင်းရှိပါတယ်။ သင်Facebookကိုကြည့်တဲ့အကြိမ်ရေကိုပြန်တွက်ဖူးပါသလား?
တစ်နေ့မှာ၂၄နာရီရှိပါတယ်။ ၈နာရီကအိပ်ပါတယ်။ ၈နာရီကအလုပ်လုပ်ပါတယ်။ ကျန်တဲ့၈နာရီမှာရော ဘယ်နှကြိမ်လောက် Facebookကို
ကြည့်ပါသလဲ? တနေကုန်အလုပ်မှာလည်း Facebookကြည့်တယ်၊ ကျန်တဲ့ ၈နာရီမှာလည်း Facebookကြည့်တယ်ဆိုရင် သင့်ရဲ့နေစဉ်ဘ၀က
ရှင်သန်သေးရဲ့လား ပြန်စဉ်းစားဖို့လိုပါပြီ။ Facebook မပေါ်ခင်တုန်းကရောသင်ဘာလုပ်ခဲ့လဲပြန်စဉ်းစားပါ။ သူငယ်ချင်းနဲ့ဖုန်းပြောမယ်၊
သူငယ်ချင်းသို့မဟုတ် မိသားစုနဲ့ မုန့်သွားစားမယ်၊ သို့မဟုတ်တစ်ယောက်ထဲရုပ်ရှင်ကြည့်မယ်၊ သို့မဟုတ်စာဖတ်မယ်၊ ဒါမှမဟုတ်သင်ဝါသနာပါတာတစ်ခုခု လုပ်မယ်။ တစ်ခုခုတော့ သင်လုပ်ခဲ့မှာပါ။ တစ်ချို့ကFacebookကိုအလကားသုံးတာမဟုတ်ဘူး၊ Facebookပေါ်မှာ စာဖတ်တယ်လို့ဆိုပါတယ်။ဟုတ်ပါတယ်Facebookပေါ်မှာအဲ့လိုအကျိုးရှိတာတွေ လုပ်တာကိုတော့ အားပေးပါတယ်။ ဒါပေမဲ့ သင်တကယ်ရော စာအကြာကြီးဖတ်ဖြစ်လို့လား?More….ဆိုတဲ့နေရာကိုနှိပ်လိုက်လို့ စာကြီးကရှည်နေရင်သင်ဖတ်ဖြစ်လို့လား? သတင်းတိုတိုလေးတွေပဲ သင်ဖတ်ဖြစ်တာများပါလိမ့်မယ်။သင်Facebookကိုခဏခဏစိတ်ရောက်နေချိန်မှာ သင်အစာကျွေးမှာကိုစောင့်နေတဲ့ သင့်ရဲ့ခွေးလေးလဲရှိချင်ရှိမယ်။ ဒါမှမဟုတ် သင်နဲ့အတူတူတစ်နေရာရာသွားချင်တဲ့ သူငယ်ချင်းလည်းရှိချင်ရှိမယ်။ သင့်ရဲ့ Social ပိုင်းကောင်းလာတယ်လို့သင်ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းကသင်အတုအယောင်လောကတစ်ခုမှာပျော်နေတာပါ။ Englishစာလုံးလေးလုံးနဲ့ပေါင်းထားတဲ့ Likeဆိုတဲ့စာလုံးမှာ သင်ပျော်ဝင်နေတာပါ။သင့်ဘေးက သင့်အပေါ်မေတ္တာရှိတဲ့အရာအားလုံး၊သင့်အတွက်တကယ်အကျိုးရှိတဲ့အရာအားလုံးကိုသင်မေ့နေတာပါ။ သင်တစ်နေရာရာကိုသွားရင်တောင် သင့်ဖုန်းလေးကိုတကြည့်ကြည့်နဲ့ ဖြစ်နေပါလိမ့်မယ်။ Facebookခဏခဏသုံးနေတာကိုရပ်ပြီး ပတ်ဝန်းကျင်ကိုတစ်ခါလောက်စေ့စေ့စပ်စပ်လေးကြည့်လိုက်ပါ။ သင်အများကြီးတိုးတက်လာလိမ့်မယ်။ သင့်ရဲ့သူငယ်ချင်းအရင်းတွေအတွက်၊ သင့်ရဲ့မိသားစုအတွက်Likeထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့အရာတွေကို လုပ်ကြည့်လိုက်ပါ။

#(၂)အလုပ်တွေပိုပြီးလာလိမ့်မယ်။

ဘလော့ဂါတစ်ယောက်အနေနဲ့ ကျွန်တော်တို့အတွေ့အကြုံကိုပြောပြပါ့မယ်။ ကျွန်တော်က အင်တာနက်ကို အချိန်ပြည့်သုံးရပါတယ်။
စာတွေကိုအင်တာနက်ကနေ ရှာဖွေပြီးဖတ်ရှုရပါတယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံးရန်သူကတော့ Social Mediaပါပဲ။ စာဖတ်လိုက်
Facebookကိုကြည့်လိုက်နဲ့ အလုပ်ပေါ်အာရုံစူးစိုက်မှုအားနည်းလာပါတယ်။ Facebookကိုခဏလေးဆိုပြီးကြည့်ရာကနေ ၁၅မိနစ်လောက်
ကြည့်ဖြစ်တဲ့အခါကြည့်ဖြစ်သွားပါတယ်။ အဲဒိအခါမှာ ကျွန်တော့်ရဲ့ Productivity ကသိသိသာသာကျသွားပါတယ်။ စာဖတ်နေရင်းနဲ့
Facebookကိုကြည့်ချင်စိတ်တွေပေါ်လာပါတယ်။ အလုပ်မပြီးတဲ့အတွက် stressများလာပါတယ်။ အရာရာအဆင်မပြေတော့ပါဘူး။
ဒါပေမဲ့အချိန်မီပဲ ကျွန်တော်ဖြေရှင်းနိုင်ခဲ့ပါတယ်။ နေ့တစ်နေ့ရဲ့ဘယ်အချိန်မှာ Facebookကိုဖွင့်မယ်ဆိုတာကိုအချိန်ဇယားလုပ်လိုက်ပါတယ်။
အဲ့ဒိနောက်ပိုင်း အလုပ်တွေပိုပြီးလာပါတယ်။ Stressတွေလည်း နည်းလာပါတယ်။ ဒါကြောင့်အလုပ်ချိန်မှာ Facebookသုံးတာကိုဖြစ်နိုင်ရင်
ရှောင်ရှားပါ။ မရှောင်ရှားနိုင်ရင် အချိန်တစ်ခုသတ်မှတ်ပြီး သုံးပါ။ သင့်အလုပ်တွေပိုပြီးလာပါလိမ့်မယ်။

#(၃)အခြားအရာတွေမှာ အာရုံစူးစိုက်မှုပိုကောင်းလာပါလိမ့်မယ်။

Facebook ကတက်လာမယ့် Update Statusတွေကို မအိပ်ဘဲ ရူးရူးမိုက်မိုက်စောင့်ဖူးပါသလား? အဲဒိအချိန်တွေကို အခြားမှာသုံးဖို့ရော
စဉ်းစားဖူးပါသလား? အဲ့ဒိ New Statusတွေတက်တာကိုစောင့်နေတဲ့ မိနစ်၃၀လောက်ကိုစာအုပ်ဖတ်ဖို့ဖြစ်ဖြစ်စဉ်းစားဖူးပါသလား?
စာအုပ်ဖတ်တာဖြစ်ဖြစ်၊ မနက်ပိုင်းမှာဆိုလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်တစ်ခုခုလုပ်ကြည့်ပါ။ အခြားအရာတွေပေါ်မှာသင့်ရဲ့အာရုံစူးစိုက်မှုပိုမို ကောင်းလာပါလိမ့်မယ်။

#(၄)သင့်သူငယ်ချင်းအစစ်တွေက ဘယ်သူတွေလဲဆိုတာ သင်သိလာပါလိမ့်မယ်။

Facebookပေါ်မှာခင်ရတာအရမ်းလွယ်ကူပါတယ်။ လူတွေရဲ့ postsတွေကို likeပေး commentပေးတယ်ဆိုတာ ပြောပလောက်အောင် အချိန်မကုန်ပါဘူး။
သင်Facebook မသုံးဘဲနေကြည့်လိုက်ပါ။ သင့်ကိုဘယ်နှစ်ယောက်လောက် ဖုန်းဆက်မလဲ၊ သင်နဲ့အပြင်မှာဘယ်သူကတွေ့ပြီး မုန့်အတူတူစားမလဲ
စောင့်ကြည့်လိုက်ပါ။ သင့်သူငယ်ချင်းအစစ်တွေ ပေါ်လာပါလိ့မ်မယ်။

#(၅)သင်စွဲလမ်းခဲ့ဖူးတဲ့ Likeဆိုတာ ဘာမှတကယ့်ဘ၀မှာ သုံးမရဘူးဆိုတာသင်သိလာလိမ့်မယ်။

Facebookပေါ်မှာ Likeတယ်ဆိုတာတကယ်တော့ Likeရဲ့ Meaningတောင်ပျောက်နေပါပြီ။ ဓာတ်ပုံမမြင်ရပဲနဲ့လည်း Likeချင်Likeမယ်။ Likeပြန်ရချင်လို့ Likeတာလည်းဖြစ်ချင်ဖြစ်မယ်။ တာဝန်ဝတ္တရားအရလုပ်ပေးတဲ့အရာတစ်ခုတောင်ဖြစ်နေပါပြီ။ ဒါပေမဲ့လူတော်တော်များများက အဲ့ဒါကိုမမြင်နိုင်ကြဘူးဖြစ်နေကြပါတယ်။
ဒါကြောင့်Facebookနဲ့နည်းနည်းခွဲနေကြည့်လိုက်ပါ။ Facebookပေါ်က Likeဆိုတာဘာမှမဟုတ်ဘူးဆိုတာ သင်သိလာပါလိမ့်မယ်။

#(၆)လက်တွေ့ဘ၀မှာ ပိုပြီးအောင်မြင်လာလိမ့်မယ်။

Facebookကပေးတဲ့အဓိကပြသနာကတော့ ဘယ်တော့မှFacebookပေါ်မှာလုပ်စရာတွေမကုန်သွားတာပါပဲ။ ကြည့်စရာအသစ်တွေ၊ Likeစရာအသစ်တွေသူငယ်ချင်းအသစ်တွေ၊ commentပေးစရာတွေ၊ Shareစရာတွေနဲ့သံသရာလည်နေတာပါ။ ဒါပေမဲ့ အပြင်လက်တွေ့ဘ၀မှာတော့ သင်ပြီးမြောက်အောင်
လုပ်ဆောင်နိုင်တာတွေအများကြီးရှိပါတယ်။ စာအုပ်တစ်အုပ်ကိုပြီးအောင် ဖတ်နိုင်ပါတယ်။ ဥယျာဉ်လေးတစ်ခုပြီးမြောက်အောင် အပင်စိုက်နိုင်ပါတယ်။
ပန်းကန်တွေကူဆေးပေးနိုင်ပါတယ်။ Facebookကနေ ခဏထွက်ပြီး အပြင်ဘ၀မှာတစ်ခုခုပြီးမြောက်အောင်လုပ်ဆောင်ကြည့်ပါ။

#(၇)Facebook မလိုလားအပ်တဲ့ပြသနာတွေ အေးသွားပါလိမ့်မယ်။

Facebook သုံးတဲ့သူတိုင်းအတွက် သင့်ကိုစောင့်ကြည့်နေတဲ့သူရှိနိုင်ပါတယ်။ အထူးသဖြင့် သင်ကမိန်းကလေးဖြစ်ရင်ပေါ့။ သင့်ရဲ့ဓာတ်ပုံတွေ၊
သင်ရဲ့စိတ်ထဲက လျှို့ဝှက်ချက်တွေအားလုံးကို အလွယ်တကူသိနိုင်ပါတယ်။ သင်က Privacy Settingကိုမြှင့်ထားပေမယ့် Privacy Setttingမမြှင့်ထားတဲ့
သင့်ရဲ့သူငယ်ချင်းတစ်ယောက်က သင့်ကို”မနက်ဖြန် Junction Sqareသွားကြမယ်လို့” tagထားတယ်ဆိုပါဆို့။ သင့်ကိုစောင့်ကြည့်နေတဲ့သူက သင်နဲ့Friendဖြစ်မနေဘူးဆိုရင်တောင် သင့်သူငယ်ချင်းကတစ်ဆင့် သိနိုင်ပါတယ်။ ဒီတော့သင့်ကိုနှောက်ယှက်ချင်တဲ့သူက သင်မနက်ဖြန်ဘယ်သွားမလဲသိသွားပြီပေါ့။ ဒါပေမဲ့ သင်Facebookနဲ့ ခပ်ခွာခွာနေရင်တော့ အဲ့ဒိလိုပြသနာတွေကြုံတော့မှာမဟုတ်ပါဘူး။

#(၈)သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာလိမ့်မယ်။

လေ့လာတွေ့ရှိချက်တွေအရတော့ Facebookကလူတော်တော်များများကို စိတ်ဒုက္ခပေးလေ့ရှိပါတယ်တဲ့။ သင်postတစ်ခုတင်လို့
Likeနည်းတဲ့အခါ၊ သင့်ပုံတင်လိုက်လို့ Likeနည်းတဲ့အခါ၊ သင့်ကိုယ်သင်ယုံကြည်မှုတွေပါကျဆင်းလာတတ်ပါတယ်။ သင့်ကို
စိတ်ဓာတ်ကျလာစေပါတယ်။ ခနလောက် Facebook နဲ့ဝေးဝေးနေကြည့်လိုက်ပါ။ သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာပါလိမ့်မယ်။

#(၉)သင်ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေနဲ့ပက်သက်ပြီး ပိုမိုအကောင်းမြင်လာလိမ့်မယ်။

ဂျာမနီနိုင်ငံမှာပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုအရတော့Facebookအသုံးပြု
သူတော်တော် များမျာဟာ ၀န်တိုစိတ်တွေများလာကြပါတယ်လို့
ဆိုပါတယ်။ Facebookပေါ်မှာသူများတွေတင်ထားတဲ့ အရာတွေကိုကြည့်ပြီး မနာလိုဖြစ်လာကြပါတယ် လို့ဆိုပါတယ်။ သူများတွေတင်ထားတဲ့
ဖုန်းအသစ်ပုံ၊ ကားအသစ်ပုံ၊ အိမ်အသစ်ပုံတွေ၊ ချစ်သူတွေတွဲရိုက်ထားတဲ့ပုံတွေ၊ မိသားစုတွေပျော်ရွှင်တဲ့ပုံတွေ ကိုကြည့်ပြီး တစ်ချို့ကမနာလို
ဖြစ်တတ်ကြပါတယ်။Facebookဆိုတာအရမ်းကြွားလို့ကောင်းတဲ့ နေရာ
ဖြစ်တာကြောင့် လူတွေကတော့ ကြွားနေမှာပါပဲ။ ဒီတော့ သင်အဲဒိလို
မနာလိုမှုတွေရှိတယ်ဆိုရင် Facebookကနေခနလောက်ထွက်ပြီး သင့်မှာရှိတဲ့ အရာတွေကိုတန်ဖိုးထားကြည့်လိုက်ပါ။

#(၁၀)Facebook ဆိုတာကြော်ငြာတွေအများကြီးမြင်နိုင်တဲ့နေရာတစ်ခု ထက်မပိုဘူးဆိုတာသင်နားလည်လာလိမ့်မယ်။

Facebookက သင်ကြိုက်နှစ်သက်တဲ့အရာတွေကို မှတ်သားထားပြီး သင်ကြိုက်လောက်မယ့် အရာတွေကိုသင်မြင်ရအောင် ခဏခဏဖော်ပြပေးနေတာပါ။Facebookကတကယ်တော့ သင့်ကိုDataအဖြစ်အသုံးချပြီး စီးပွားရေးလုပ်နေတာပါ။ ဒါကြောင့်မို့လို့ လိုအပ်တာထက်ပိုပြီး Facebookကိုမသုံးစွဲပါနဲ့။

ကျွန်တော်က Facebookကို ပြစ်တင်ရှုတ်ချနေတာမဟုတ်ပါဘူး။ Social Media ဆိုတာတစ်ချိန်ကအရမ်းကောင်းတဲ့ ရည်ရွယ်တစ်ခုနဲ့ဖြစ်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့အခုတော့သင်ရော၊ ကျွန်တော်ရော Social Mediaတွေကိုယ်တိုင်ရော မူရင်းရည်ရွက်ချက်ဖြစ်တဲ့မိတ်ဆွေကောင်းအသစ်တွေရရှိဖို့ဆိုတာကို မေ့နေကြပါ
ပြီ။ Facebookဆိုတာ အလုပ်တစ်ခု၊ စီးပွားရေးတစ်ခု၊စွဲလမ်းမှုတစ်ခု ဖြစ်လာပါပြီ။Facebookကနေ ကောင်းတဲ့အချက်တွေအများကြီးရပါတယ်လို့ သင်ထင်ရင်တော့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို စိတ်အေးအေးလေးထားပြီး
နှိုင်းယှဉ်ကြည့်လိုက်ပါအုံး။ Facebookကို ထာဝရမသုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အကျိုးရှိအောင်ပဲသုံးပြီး သင့်ရဲ့အချိန်အများစုကို
အရေးမကြီးတဲ့ကိစ္စတွေမှာမဖြုန်းဖို့ ပြောချင်တာပါ။

Facebook စွဲလန်းခြင်းရောဂါအမြန်ဆုံးပျောက်ကင်းပါစေ...

Ref:linkedin